ပီဂျီ
(နန်းခင်းနှင့် အခွန်ငွေများပြန်လည်ထုတ်ယူခြင်းအတွက်အကျိုးဆောင်ကုမ္ပဏီ)


ပင်စင်ငွေပြန်လည်ထုတ်ယူခြင်းအပြင်အခြာ‌းသောဥပဒေဆိုင်ရာလုပ်ငန်းများကို ဘာသာစကား
၁၁မျိုးဖြင့် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်။

ပြန်ထုတ်နိုင်မည့် နန်းခင်း စုစုပေါင်းပမာဏ ကိုဘယ်လိုတွက်မလဲ?

မိမိသည် ၆လမှလ ၆၀ (၅နှစ်) အထိ နန်းခင်းအားပေးဆောင်ထားသူဖြစ်ပါက မိမိပေးဆောင်ထားသည့် ကာလနဲ့စုစုပေါင်းပမာဏအပေါ်မူတည်၍ တွက်ချက်မည်ဖြစ်ပြီး ပြန်လည်ရရှိမည့်ငွေပမာဏမှာ အောက်ပါဇယားအတိုင်းဖြစ်သည်။ 5နှစ်နှင့်အထက် ၉နှစ်အောက် နန်းခင်းပေးဆောင်ထားသူဖြစ်ပါက ကာလနှင့်စုစုပေါင်းမှာ မည်မျှပင်ဖြစ်စေကာမူ တူညီသောယန်းငွေေကို ရရှိမည်ဖြစ်သည်၊၊
※၂၀၁၉ ခုနှစ် ၄ လပိုင်းမှ စတင်၍ အကျုံး၀င်သည်။
「ဂျပန်နန်းခင်းအဖွဲ့အစည်းရေတိုနိုင်ငံခြားသားများဆိုင်ရာပင်စင်ငွေပြန်လည်ထုတ်ယူခြင်း ၀က်ဘ်ဆိုဒ်စာမျက်နှာမှ」


(၁) နိုင်ငံတော်ပင်စင်အတွက်

၂၀၂၁ နှစ် ၄လပိုင်းမှစ၍ နောက်ဆုံးပင်စင်ခွန်ပေးသွင်းခဲ့သည်လမှာ ၂၀၂၁ ခုနှစ် ၄လပိုင်းနောက်ပိုင်းဖြစ်ပါက နောက်ဆုံးပေးသွင်းခဲ့သောလ၏ ခုနှစ်နှင့်ပေးသွင်းပြီးကာလအပေါ်မူတည်၍ ပြန်လည်ထုတ်ယူနိုင်မည့် ပင်စင်ခွန်ပမာဏကို တွက်ချက်သွားမည်ဖြစ်သည်။
※နောက်ဆုံးပင်စင်ခွန်ပေးဆောင်ခဲ့‌သောလမှာ ၂၀၂၁ခုနှစ် ၃လပိုင်းအတွင်းထိဖြစ်ပါက နဂိုမူလအတိုင်း ၃၆လ (၃နှစ်) အတွက်သာ အများစားသတ်မှတ်၍ တွက်ချက်သွားမည်ဖြစ်သည်။
ပင်စင်ပြန်လည်ထုတ်ယူငွေပမာဏတွက်ချက်ပုံ ညီမျှခြင်း

နောက်ဆုံးပင်စင်ခွန်ပြန်လည်ပေးသွင်းခဲ့သည့် လ၏ခုနှစ်အထိ ပင်စင်ခွန်ပမာဏ ×၁/၂ (တစ်၀က်) ×ပင်စင်ငွေပြန်လည်ထုတ်ယူခြင်းဆိုင်ရာကိန်းသေ

ပင်စင်ပြန်လည်ထုတ်ယူခြင်းဆိုင်ရာကိန်းသေမှာ လ၆၀အထိ တိုးသွားမည်ဖြစ်ပြီး အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်သည်။

【နောက်ဆုံးပေးသွင်းပြီးကာလမှာ ၂၀၂၁ခုနှစ် ၄လပိုင်း မှ ၂၀၂၂ ခုနှစ် ၃လပိုင်းအတွင်းဖြစ်သော အခြေအနေအတွက်】
ပေးသွင်းပြီးကာလစုစုပေါင်း ပင်စင်ခွန်ပြန်လည်ထုတ်ယူခြင်းဆိုင်ရာကိန်းသေ ပြန်လည်ပေးချေမည့် ပမာဏ
၆လ နှင့်အထက်မှ ၁၂လ မပြည့်မီ ၄၉,၈၃၀ ယန်း
၁၂လ နှင့်အထက်မှ ၁၈လ မပြည့်မီ ၁၂ ၉၉,၆၆၀ ယန်း
၁၈လ နှင့်အထက်မှ ၂၄လ မပြည့်မီ ၁၈ ၁၄၉,၄၉၀ ယန်း
၂၄လ နှင့်အထက်မှ လ၃၀ မပြည့်မီ ၂၄ ၁၉၉,၃၂၀ ယန်း
လ၃၀ နှင့်အထက်မှ ၃၆လ မပြည့်မီ ၃၀ ၂၄၉,၁၅၀ ယန်း
၃၆လ နှင့်အထက်မှ ၄၂လ မပြည့်မီ ၃၆ ၂၉၈,၉၈၀ ယန်း
၄၂လ နှင့်အထက်မှ ၄၈လ မပြည့်မီ ၄၂ ၃၄၈,၈၁၀ ယန်း
၄၈လ နှင့်အထက်မှ ၅၄လ မပြည့်မီ ၄၈ ၃၉၈,၆၄၀ ယန်း
၅၄လ နှင့်အထက်မှ လ၆၀ မပြည့်မီ ၅၄ ၄၄၈,၄၇၀ ယန်း
လ၆၀မှအထက် ၆၀ ၄၉၈,၃၀၀ ယန်း


၂။ အလုပ်သမားပင်စင်

၂၀၂၁ခုနှစ်၄လပိုင်းမှစ၍ နောက်ဆုံးပင်စင်ခွန်ပေးသွင်းသည့်လ (အလုပ်သမားလက်မှတ်ပြန်လည်အပ်ပြီးလ၏ ‌‌ရှေ့လ) မှာ ၂၀၂၁ခုနှစ် ၄လပိုင်း နောက်ပိုင်းဖြစ်သူများအတွက် အများဆုံးကာလမှာ လ၆၀အဖြစ်သတ်မှတ်ပြီး ပြန်လည်ထုတ်ယူနိုင်မည့်ပင်စင်ခွန်ကို တွက်ချက်သွားမည်ဖြစ်သည်။
※နောက်ဆုံးပေးသွင်းသည့်လမှာ ၂၀၂၁ခုနှစ် ၃လပိုင်းအထိဖြစ်သူများအတွက်မှာမူ နဂိုမူလအတိုင်း ၃၆လ (၃နှစ်) ကို အများဆုံးအဖြစ်သတ်မှတ်ပြီးတွက်ချက်သွားမည်ဖြစ်သည်။
ပင်စင်ပြန်လည်ထုတ်ယူငွေပမာဏတွက်ချက်ပုံ ညီမျှခြင်း

(၁) ပင်စင်ခွန်ပေးသွင်းခဲ့သည့် ကာလစုစုပေါင်း ၏ ပျှမ်းမျှ၀င်ငွေ × (၂) ပင်စင်ပြန်လည်ပေးဆောင်နှုန်း (ပင်စင်ပေးသွင်းပြီးပမာဏ × ၁/၂ (တစ်၀က်) × ပင်စင်ထုတ်ယူခြင်းဆိုင်ရာကိန်းသေ

(၁) ပင်စင်ခွန်းပေးသွင်းခဲ့သည့် ကာလစုစုပေါင်း၏ ပျှမ်းမျှ၀င်ငွေ ဆိုသည်မှာ အောက်ပါ A နှင့် Bကို ပေါင်းပြီး ပင်စင်ခွန်းပေးသွင်းသူမဟုတ်ခဲ့သည့် ကာလစုစုပေါင်း နှင့်စားပြီး ရလာသော ငွေပမာဏကိုခေါ်ခြင်းဖြစ်သည်။

A. ၂၀၀၃ခုနှစ် ၄လပိုင်းအထိ ပင်စင်ကြေးပေးဆောင်ခဲ့သော ကာလအတွင်း ပုံမှန်၀င်ငွေကို ၁.၃ နှင့် မြှောက်၍ရလာသောငွေပမာဏ
B. ၂၀၀၃ခုနှစ် ၄လပိုင်းနောက်ပိုင်း ပုံမှန်၀င်ငွေနှင့် အပိုကြေးဘောနပ်စ်ငွေ၏စုစုပေါင်း

(၂) ပင်စင်ပြန်လည်ပေးဆောင်နှုန်းဆိုသည်မှာ နောက်ဆုံးပင်စင်ပေးဆောင်သောလ (အလုပ်သမားလက်မှတ်ကို ပြန်လည်အပ်ပြီး လ၏ ရှေ့လ) ၏ ခုနှစ်၏‌ ရှေ့နှစ် ၁၀လပိုင်းထိ ပင်စင်ခွန်ပေးဆောင်ပြီးပမာဏ ( နောက်ဆုံးလမှာ ၁လပိုင်းမှ ၈လပိုင်းအတွင်းဖြစ်ပါက ထိုနှစ်မတိုင်ခင်နှစ်၏ ရှေ့တစ်နှစ်၏၁၀လပိုင်းအထိ ပင်စင်ပေးသွင်းငွေကို ၁/၂ (တစ်၀က်) နှင့်မြှောက်ပြီးအောက်ပါဇယားမှ ပင်စင်ပြန်လည်ထုတ်ယူခြင်းဆိုင်ရာကိန်းသေနှင့်မြှောက်ထားသောရလဒ်ဖြစ်သည်။

【 နောက်ဆုံးပေးသွင်းသောလမှာ ၂၀၂၁ခုနှစ် ၄လပိုင်း နောက်ပိုင်းဖြစ်သောအခြေအနေအတွက်】

ပေးသွင်းပြီးကာလစုစုပေါင်း ပင်စင်ခွန်ပြန်လည်ထုတ်ယူခြင်းဆိုင်ရာကိန်းသေ ပြန်လည်ပေးချေနှုန်း
၆လ နှင့်အထက်မှ ၁၂လ မပြည့်မီ ၀.၅
၁၂လ နှင့်အထက်မှ ၁၈လ မပြည့်မီ ၁၂ ၁.၁
၁၈လ နှင့်အထက်မှ ၂၄လ မပြည့်မီ ၁၈ ၁.၆
၂၄လ နှင့်အထက်မှ လ၃၀ မပြည့်မီ ၂၄ ၂.၂
လ၃၀ နှင့်အထက်မှ ၃၆လ မပြည့်မီ ၃၀ ၂.၇
၃၆လ နှင့်အထက်မှ ၄၂လ မပြည့်မီ ၃၆ ၃.၃
၄၂လ နှင့်အထက်မှ ၄၈လ မပြည့်မီ ၄၂ ၃.၈
၄၈လ နှင့်အထက်မှ ၅၄လ မပြည့်မီ ၄၈ ၄.၄
၅၄လ နှင့်အထက်မှ လ၆၀ မပြည့်မီ ၅၄ ၄.၉
လ၆၀မှအထက် ၆၀ ၅.၅

အသေးစိတ်

ဖုန်းဖြင့်ဆက်သွယ်တိုင်ပင်ခြင်း03-5453-6931
နိုင်ငံခြားမှဆက်သွယ်လိုပါက +81-3-5453-6931
အလုပ်ချိန်- အပတ်စဉ် (တနင်္လာမှသောကြာ) 10:00~18:00
အားလပ်ရက်များ- စနေ၊ တနင်္ဂနွေ၊ နိုင်ငံတော်ရုံးပိတ်ရက်၊ နှစ်သစ်ကူးရုံးပိတ်ရက်များနှင့် ကုမ္ပဏီမှ သတ်မှတ်ထားသော ရုံးပိတ်ရက်များ
အီးမေးလ်ပို့ရန် နှိပ်ပါ
သင်၏စိတ်တိုင်းကျ၀န်‌ဆောင်မှုပေးနေပြီဖြစ်သည်။

ပီဂျီ လုပ်ငန်းစု

  • 税金還付 株式会社パシフィック・ギャランティ

    Pacific Guaranty Inc.
    (Tax Refund and One stop Service)

  • 就職ならPGキャリア・エージェンシー

    PG Career Agency
    (အလုပ်သမားစုဆောင်း‌ရေးအေဂျင်စီ)

  • 税務相談ならPG税理士法人へ

    ပီဂျီအခွန်စာရင်းကိုင်ရုံး
    (အခွန်စာရင်းကိုင်)

  • 株式会社スタンフォード 不動産の相談はSTANFORDへ

    PG Administrative Office
    (Visa and Judicial affairs)

  • 株式会社スタンフォード 不動産の相談はSTANFORDへ

    Stanford Inc.
    (အိမ်ခြံမြေလုပ်ငန်း)

  • Reborn Inc.
    (Class-1 ဗိသုကာရုံး)

  • 久松社会保険労務士事務所

    Hisamatsu Labour and Social Security Attorney Office
    (Labour and Social Security Attorney )

  • IPP International Patent Film
    (Patent Film)

top▲