ပီဂျီ
(နန်းခင်းနှင့် အခွန်ငွေများပြန်လည်ထုတ်ယူခြင်းအတွက်အကျိုးဆောင်ကုမ္ပဏီ)


ပင်စင်ငွေပြန်လည်ထုတ်ယူခြင်းအပြင်အခြာ‌းသောဥပဒေဆိုင်ရာလုပ်ငန်းများကို ဘာသာစကား
၁၁မျိုးဖြင့် ၀န်ဆောင်မှုပေးနေပြီဖြစ်သည်။

လူမှုဖူလုံး‌ရေဆိုင်ရာ သဘောတူညီချက်ဆိုတာ ဘာလဲ?

လူမှုဖူလုံရေးဆိုင်ရာ သဘောတူညီချက်ဆိုသည်မှာ ဂျပန်နိုင်ငံနှင့်အချို့သော နိုင်ငံများအကြားထားရှိသော ပင်စင်အခွန်ဆိုင်ရာသဘောတူညီမှုဖြစ်သည်။ လူတစ်ဦးတစ်ယောက်အနေဖြင့် သက်ပြည့်ပင်စင်အတွက်အခွန်ငွေကို ဂျပန်နိုင်ငံ (သို့) မိမိ၏မွေးရပ်နိုင်ငံ တစ်နိုင်ငံတည်းအတွက်သာ ပေးဆောင်ရန်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတိုင်းအတာဖြင့် ဂျပန်နိုင်ငံနှင့်အထက်ပါသဘောတူညီမှုကို ချုပ်ဆိုထားသောနိုင်ငံပေါင်း ၂၀ရှိပြီး ထိုနိုင်ငံ၂၀အတွင်း ၁၇နိုင်ငံမှာ အဆိုပါသဘောတူညီမှုအတိုင်း စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။ (မြန်မာနိုင်ငံပါ၀င်သေးခြင်းမရှိ)

လက်ရှိသဘောတူညီထားပြီးဖြစ်သောအဖွဲ့၀င်နိုင်ငံများ

ဂျာမနီ၊ ဗြိတိန်၊ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စု၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတြေးလျ၊ နယ်လ်သာလန်၊ ချက်သမ္မတနိုင်ငံ၊ စပိန်၊ အိုင်ယာလန်၊ ဘရာဇီး၊ ဆွစ်ဇာလန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ လူဇင်ဘက်၊ ဖိလစ်ပိုင်

သဘောတူညီရန်လျာထားလျှက်ရှိသောနိုင်ငံများ

အီတလီ၊ လူဇင်ဘက်၊ဆလိုဗက်ကီးယား

သဘောတူညီချက်မှာ နိုင်ငံနှင့်အလိုက်ကွာခြားမှုရှိနိုင်သည်။

* အကယ်၍သင်သည် အထက်ပါနိုင်ငံများမှဖြစ်ပြီး ပင်စင်ပြန်အမ်းငွေကိုထုတ်ယူလိုက်ပါက သင်၏နိုင်ငံ၌ ထိုကာလအတွက်ပင်စင်ငွေကို ထုတ်ယူ၍ရမည်မဟုတ်တော့ပါ။
* သို့သော် သင်သည်အထက်ပါနိုင်ငံများ၏ နိုင်ငံသားဖြစ်စေကာမူ ဂျပန်နိုင်ငံ၌ လျှောက်ထား၍ပြန်လည်ထုတ်ယူခွင့်ရှိသည်။

အသေးစိတ်

ဖုန်းဖြင့်ဆက်သွယ်တိုင်ပင်ခြင်း03-5453-6931
နိုင်ငံခြားမှဆက်သွယ်လိုပါက +81-3-5453-6931
ကြားရက် (၁၀နာရီမှ ၁၈နာရီ)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စနေနေ့တိုင်း ယာယီပိတ်ပါသည်။
အီးမေးလ်ပို့ရန် နှိပ်ပါ
သင်၏စိတ်တိုင်းကျ၀န်‌ဆောင်မှုပေးနေပြီဖြစ်သည်။

ပီဂျီ လုပ်ငန်းစု

top▲